Saturday, April 26, 2008

သိုဝ်ရှ၊ခေ်

တိတ်တဆိတ် နေတတ်တဲ့ ကိုယ့်ကို
သူတို့တစ်တွေရဲ့ မနာလိုခြင်း ဥခွံထဲ ထည့်ဖို့ ကြံနေလေရဲ့...။
အဆင်မပြေမှုတွေကို ကိုယ့်အိတ်ပေါက်ထဲ ထည့်မယ်တဲ့လား...။
ဒါဝင်တောင် လက်လျှော့သွားတာ ကြာရော့...။
အမောင်က ဘာတဲ့တုန်း...။

ဟိုးတစ်ဘက်က သတင်း/အတင်းစကားတွေကို
ဒီဘက်ရောက်အောင် သယ်လာကြ...။
ဝါယာကြိုးတစ်တွေရဲ့ ဟိုးအစွန်းနှစ်ဘက်ဆီမှာ
မုသားတွေ စွန်းပေနေတဲ့
လံထော်ထော် ထူအမ်းအမ်း နှုတ်ခမ်းအစုံတွေကို ကိုယ်မြင်နေရရဲ့...။

ဟန်ဆောင်မှုတွေနဲ့ ဖုံးလွမ်းနေတဲ့ မျက်နှာဖုံးတွေ တပ်ပြီးတော့
ကိုယ့်ကို လိမ်ညာမှု သွေးစက်တွေနဲ့ ပေကျံနေတဲ့ လျှာအပြားလိုက်နဲ့
အရောင်အဆင်းမဲ့ စကားလုံးတွေကို ပလုံးပထွေး အန်ချပြနေလေရဲ့...။

သူတို့တစ်တွေရဲ့ လက်ဖမိုးကမှ အမှန်
ကိုယ်တွေ မြင်နေတဲ့ လက်ဖ၀ါးက စာမတင်ထိုက်ဘူး ဆိုပြီး
သူ့ထက်ငါ အလုအယက် ဈေးကွက်ခင်းနေလေရဲ့...။

အဟက်...။
မာယာတွေ မသုံးတတ်ရင် ကိုယ့်ဆီ လာသင်ကြားလှည့်...။
အစွယ်တွေ လက်သည်းတွေ ၀ှက်ထားခဲ့တာကြာရော့...။
နေမင်းကြီးကို အန်မတုဖူးဘူး...။
မိုးမင်းကြီးကို ဖက်မပြိုင်ခဲ့ဘူး...။
ဆောင်းကို မတွန်းလှန်ခဲ့ဘူး...။
တောင်တွေကို မဖြိုခဲ့ဖူးဘူး...။

လိုအပ်လာရင်တော့
တောဘုရင်ကို အန်တု ရင်ဆိုင်ရမှာပဲ...။
သားရဲတွင်းထဲ ခုန်ချသင့်ရင် ခုန်ချရမှာပဲ...။

သံချောင်းတော့ မဟုတ်ဘူး...။
ကိုနန္ဒလဲ မဟုတ်ဘူး...။
ရွှေဘလဲ မဟုတ်ဘူး...။

ကိုယ်ဟာ ဖုန်တွေတက်နေတဲ့
ပိုင်ရှင်မဲ့
ဓါးအိမ်ထဲက အသွားတွေ တုံးမတတ်
ခုတ်ထစ်နေခဲ့ရတဲ့ ဓါးတစ်ချောင်းသာ ဖြစ်ခဲ့တယ်...။
(မိုးညို့ရင် လေးတွေ ညို့မယ်လို့ ပြောဖူးတဲ့ ခါတော်မီသားရေ... ငါလာပြီ....။)

Tuesday, April 15, 2008

ကျိုင်းတုံဒေသထွက် အစားအစာများ 3 : နမ်းဖစ်ခို (ခမေ့်ဖိတ့်ခူဝ်;)


ဒီတစ်ခေါက်တော့ အိမ်လွမ်းသူများ အထူးသဖြင့် ရှမ်းပြည်က သယ်ရင်းများကို နှိပ်စက်ဖို့ အလှည့်ကျတဲ့ ကျိုင်းတုံဒေသထွက် အစားအသောက်ကတော့ “နမ့်ဖစ်ခို” ရှမ်းလိုဆို “ခမေ့်ဖိတ့်ခူဝ်;”လို့ အမည်ရတဲ့ ရှမ်းရိုးရာ အစားအစာ တစ်မျိုး ဖြစ်ပါတယ်...။

ဝက်ခေါက်အထွက်များ၊ အစားများတဲ့ ဒေသဖြစ်လို့ ၀က်ခေါက်နဲ့ ပါတ်သက်တဲ့ စားသောက်ဖွယ်ရာများ ပေါများနေတာ အဆန်း မဟုတ်ပါဘူး...။ ၀က်ခေါက်နဲ့ ပါတ်သက်လို့ အရင်ပို့စ်တွေမှာ ၀က်ခေါက် ဘယ်နှစ်မျိုး ရှိတယ်ဆိုတာကို ဒီမှာ နဲ့ ဒီမှာ တွေမှာ ရှင်းပြဖူးပါပြီ...။ အခု ဒီနမ့်ဖစ်ခိုမှာ ပါတဲ့ ၀က်ခေါက်အမျိုးအစားကတော့ သုံးထပ်သား (သစ်သား သုံးထပ်သားကို ပြောတာ မဟုတ်ကြောင်း သတိချပ်ပါလေ...။) ကို ကြော်ထားတဲ့ “င်္ခပ်;မူင်္ဂမ်း” အမျိုးအစား ဖြစ်ပါတယ်...။

အမေလုပ်တာ လွယ်လွယ်လေးရယ်...။ ပထမ ကြက်သွန်ဖြူကို အခွံပါရုံလေး သင်ပြီး မညက်တစ်ညက် ထောင်းရတယ်...။ နောက် ၀က်ခေါက်ကို အနေတော် အရွယ်လေးရအောင် ကပ်ကြေးနဲ့ ညှပ်ထားလိုက်...။ လက်တစ်ဆစ်လောက် အရွယ်ဆို ရပါပြီ...။ သင်ထားတဲ့ ကြက်သွန်ပြူတွေကို မတူးအောင် ကြော်ပါ...။ ငြုပ်သီးမှုန့်၊ ဆား၊ အချိုမှုန့် တို့ကို အနေတော် ထည့်ပါ...။ ပြီးရင်တော့ မီးဖိုပေါ်က ဒယ်အိုးကိုချ (ဂက်စ်မီးနဲ့ ချက်ရင်တော့ ဂက်စ်မီးကို ငြိမ်းလိုက်ပေါ့...။ ) ညှပ်ထားတဲ့ ၀က်ခေါက်ကို ဒယ်ထဲ ထည့်ပြီး ခုနင်က ကြော်ထားတဲ့ ကြက်သွန်ဖြူကြော်တွေနဲ့ ရောပြီး ဂလောက်ဂလောက်နဲ့ မွေလိုက်ပေါ့...။

ရပါပြီဗျား ... ရိုးရာ ဟင်းလေးတစ်ခွက်...။

အဲဒီဟင်းနဲ့ တွဲဖက်စားဖို့ အရည်သောက်လေး တစ်ပွဲက ပါတတ်ပါတယ်...။ အဲဒီ အရည်သောက်ဟင်းလေးကိုတော့ နောက်မှပဲ တင်တော့မယ်...။ ဒီနေ့ နည်းနည်း ပင်ပန်းလို့ ဒီလောက်နဲ့ပဲ တော်ပါရစေ...။

အိမ်လွမ်းသူများ နမ့်ဖစ်ခို ၀က်ခေါက်ဟင်းကို ကြိုက်သလောက် အိမ်သယ်သွားနိုင်ပါကြောင်း စေတနာ ဗလပွနဲ့ အလှူကြီး လုပ်လိုက်ပါတယ်...။


Saturday, April 12, 2008

ကျိုင်းတုံဒေသထွက် အစားအစာများ 2 : Pork Meat Ball

ကျိုင်းတုံ ၀က်သားလုံး ခေါက်ဆွဲ

ဒီတစ်ခေါက်တော့ ကျိုင်းတုံမြို့ရဲ့ နာမည်ကြီးတဲ့ အစားအစာ တစ်မျိုးကို တင်ပြမှာ ဖြစ်ပါတယ်...။ အားလုံး သိကြတဲ့ အတိုင်း အသားလုံး ခေါက်ဆွဲဆိုတာ အစဉ်အဆက် အမဲသားနဲ့သာ ပြုလုပ်ခဲ့ကြပါတယ်...။ ဒါ့ကြောင့် အသားလုံး ခေါက်ဆွဲလို့ ပြောရင် မျက်စိထဲ ပြေးမြင်မိကြတာကတော့ အမဲလုံးခေါက်ဆွဲပါပဲ...။

ဒါပေမဲ့လဲ တစ်ချို့သောသူတွေဟာ အမဲသားကို သုံးဆောင်ခြင်းမပြုတဲ့ အတွက် အမဲလုံး ခေါက်ဆွဲအရသာကို မသိကြတော့ပါဘူး...။ အမဲသား မစားပေမဲ့ အမဲလုံးခေါက်ဆွဲ ပန်းကန်ကို ကြည့်ပြီး သွားရည်ကျခဲ့သူတွေ ရှိကောင်း ရှိပါလိမ့်မယ်...။ အဲဒီထဲမယ် ခေါက်ဆွဲလုပ်ရောင်းသူတွေ ကိုယ်တိုင်လဲ ပါကောင်းပါခဲ့လိမ့်မယ်...။ ဒါမှမဟုတ် ၀က်သားပဲ စားသုံးတဲ့သူတွေက အမဲလုံးခေါက်ဆွဲ ရောင်းချတဲ့သူထံကို ၀က်သားလုံး ခေါက်ဆွဲပါ ရောင်းဖို့ အကြံပြုချင် ပြုခဲ့ကြပါလိမ့်မယ်...။

ဆိုတော့ တိုးတက်လာတဲ့ ဈေးကွက် စီးပွားရေးအရ အမဲလုံးခေါက်ဆွဲရောင်းချသူဟာ ၀က်သားစားသုံးသူ ဈေးကွက်ကို ရယူနိုင်ဖို့ ကြိုးစားခဲ့ကြပါလိမ့်မယ်...။ အမဲလုံးကို လုပ်ရတာ လွယ်ပါလိမ့်မယ်...။ ဒါ့ကြောင့် ၀က်သားလုံးဆိုတာ အရင်မပေါ်ခဲ့ပဲ အမဲလုံးခေါက်ဆွဲပဲ ပေါ်ခဲ့တာပဲကြည့်ပါလား...။ အသီးမှာ သရက်၊ အသားမှာ ၀က် လို့ ဆိုရိုး စကား ရှိခဲ့ပေမယ့် ၀က်သားလုံး ခေါက်ဆွဲ နောက်မှ ပေါ်ခဲ့ရခြင်းဟာ ၀က်သားလုံး လုပ်ရခက်လို့ များလား ဆိုတဲ့ အတွေး ပွားစေပါတယ်...။ ထားပါလေ...။ ဒါကို စိတ်ဝင်စားတဲ့ နောင်လာနောက်သားများ ဆက်လက် စူးစမ်းနိုင်အောင် ချန်ထားပေးလိုက်မယ်...။ ဆိုလိုရင်းကို ပြန်သွားလိုက်ရအောင်...။

ဘယ်ရောက်သွားပါလိမ့်...။ အော်... ၀က်သားလုံး ဈေးကွက် ချဲ့ထွင်ရေး...။ အဲ.. အဲဒီ ဈေးကွက် ချဲ့ထွင်ရေးမှာ ၀က်သားကို ၀က်သားလုံး ဖြစ်အောင် ရှေးလူကြီးများ အတော် ကြိုးစားခဲ့ရမယ် ထင်ပါတယ်...။ ဘယ်လို ထွင်တာလဲတော့ မသိ...။


ဒါပေမဲ့ ၀က်သားလုံး ဖြစ်ဖြစ်၊ အမဲလုံး ဖြစ်ဖြစ် သူ့ကို လုပ်တော့မယ်ဆိုရင် အရင်ဆုံး အသားချည်းပဲ ပါတဲ့
အပိုင်းကို သီးသန့် ရွေးရပါလိမ့်မယ်...။ အဲဒီနောက် အဲဒီ အပိုင်းကို ရေစင်စင်ဆေးပြီး လူတစ်ထိုင်စာလောက် မြင့်တဲ့ စဉ်းနှီးတုံးပေါ် တင်ပြီး လေးထောင့်သံတုတ်နဲ့ တစ်ဒုန်းဒုန်း ရိုက်ရပါတယ်...။ ခုတ်တာ မဟုတ်ဘူးနော်...။ အသားတွေ ကျေသွားအောင် သံတုတ်နဲ့ ရိုက်ရတာ...။

အသားတွေ အားလုံးကျေသွားပြီ.. သမသွားပြီဆိုမှ ရလာတဲ့ အသားကျေတွေကို လက်ဆုပ်ထဲထည့်... ထည့်ပြီင်္းတော့ မုန့်လုံးရေပေါ်လုံးသလို အလုံးလေးဖြစ်အောင် ညှစ်... လက်ညိုးနဲ့ လက်မကြား ညှစ်လို့ ထွက်လာတဲ့ အသားလုံးကို ဇွန်းနဲ့ ကော်ကော်ပြီး ရေပွက်ပွက်ဆူနေတဲ့ အိုးထဲ ထည့်ပြုတ်ရပါတယ်...။


လွယ်မယောင်နဲ့ ခက်တဲ့ အလုပ်ပါ...။ အသားရိုက်တဲ့သူတွေဆို သူတို့ လက်မောင်းတွေဟာ အသားတွေ ရိုက်ရလွန်းလို့ သာမာန်လူတွေထက် ကြီးမားတာကို တွေ့ရပါလိမ့်မယ်...။ အသားလုံးဖြစ်အောင် ညှစ်တဲ့နေရာမှာလဲ အချိန်အဆ လိုပါတယ်...။ နို့မဟုတ်ရင် အသားလုံး ဖြစ်မလာပဲ.... ကြက်ဥလိုလုံးတဲ့ အသားလုံး၊ ချွန်ရှည်ရှည်နဲ့ အသားလုံးရှည် စသဖြင့် ကမောက်ကမ ပုံစံတွေ ထွက်လာပါလိမ့်မယ်...။ အစားအစာ စားသောက်ရာမှာ လျှာက ချို၊ချဉ်၊ငန်၊စပ်၊ဖန်၊ခါးဆိုတဲ့ အရသာကို လျှာထိပ်ဖူးက ရသာအာရုံနဲ့တင် ခံစားတာ မဟုတ်ပဲ အထိအတွေ့အာရုံ ဖြစ်တဲ့ ဖောဌဖ(စာလုံးပေါင်း မှားယွင်းနိုင်သည်) အာရုံနဲ့ပါ အသားနူးညံ့မှု ရှိမရှိ ဆိုတာ ခံစားပါတယ်...။ ဒါ့အပြင် မျက်စိအကြည်ဓါတ်က မြင်တွေ့နိုင်စွမ်းပေးတဲ့ စက္ခုအာရုံနဲ့ အစားအသောက်၏ ရှုချင်စဖွယ်ဖြစ်ခြင်း၊ စားချင်စဖွယ် ဖြစ်ခြင်း တို့ကို ခံစားလိုက်ပါသေးတယ်...။ နှာခေါင်းကနေလဲ ရတဲ့ ဂနာအာရုံနဲ့ အနံ့ကို ခံစားလိုက်သေးတယ်...။ ဒါ့ကြောင့် ဂျပန်တို့ဟာ အစားအသောက်ကို တည်ခင်းတဲ့ ပညာသတ်သတ် ထွင်ထားတာ ရှိပါတယ်...။ (ဥပမာ - လက်ဘက်ရည်ဝိုင်းတွင် လက်ဘက်ရည်ငှဲ့ခြင်း အနုပညာ...။) ထားပါလေ...။ မူရင်းကို ပြန်ဆက်ကြစို့...။

ကျိုင်းတုံမြို့မှာတော့ အဆိုပါ အသားလုံးခေါက်ဆွဲဆိုင်များကို ကျိုင်းတုံမြို့မဈေးအတွင်းမှာ မနက်တိုင်း ရောင်းချနေသလို ကန်နား၊ နွဲ့နော၊ ဈေးတန်းကြီး၊ ပါလျံ စတဲ့ ရပ်ကွက်က အိမ်ဆိုင်တွေမှာလဲ ညပိုင်းအထိ ရောင်းချနေကြပါတယ်...။ ဈေးထဲကတော့ မနက်ခင်း လတ်လတ်ဆတ်ဆတ် အသားတွေကို ချက်ချင်းရိုက်၊ ချင်ချင်းလုံးပြီး ရောင်းတဲ့အတွက် ပိုပြီး လတ်ဆတ်မှု ရှိပါတယ်...။ မြို့မဈေးထဲကို မနက်ခင်း သွားလည်မိလို့ ခေါက်ဆွဲဆိုင်တန်းဖက် လျှောက်မိရင်ဖြင့် တစ်ဒုန်းဒုန်းနဲ့ အသားရိုက်သံတွေကို ကြားရပါလိမ့်မယ်...။

လောလောဆယ် ကျွန်တော် အကြိုက်တွေ့မိတဲ့ ၀က်သားလုံး ခေါက်ဆွဲဆိုင်ကတော့ မြို့မဈေး အရှေ့ဘက် မိန်းဝင်ပေါက် (မြို့တော် စည်ပင်ခန်းမဘေးက အပေါက်) ရဲ့ ၀င်ဝင်ချင်း ညာဘက်တန်း ခေါက်ဆွဲဆိုင်တွေထဲက ပါနွဲ့ခေါက်ဆွဲဆိုင်ပါပဲ...။ ဆိုင်းဘုတ်တပ်မထားပါဘူး...။ အရပ်ပုပု ခပ်ဖိုင့်ဖိုင့် အသားဖြူဖြူနဲ့ အန်တီကြီးဟာ ပါနွဲ့ပါပဲ...။ မိသားစု တစ်နိုင် ခေါက်ဆွဲဆိုင် ဆိုပေမဲ့ အားပေးတဲ့သူ တစ်ပုံကြီးပါ...။ တစ်မြို့တစ်နယ်က လာရောက်လည်ပတ်သူများ ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင် ကြားရပြီး တစ်ခုတ်တစ်ရ လာစားကြသလို အဝေးရောက် မြို့သူ/မြို့သားများလဲ တစ်ခါ တစ်ခေါက် အိမ်အပြန်ဖြစ်ဖြစ် အလည်ရောက်ခဲ့ကြရင် တစ်ကူးတစ်က သွားစားကြတဲ့ ဆိုင်ကလေးပါ...။ ထိုင်ဖို့ နေရာအတွက် လူများရင် နည်းနည်း စောင့်ပေးရတဲ့ သဘောမှာ ရှိပါတယ်...။ ဈေးနှုံးကတော့ သာမာန် ၀က်သားလုံးခေါက်ဆွဲ တစ်ပွဲကို ၈၀၀ ကျပ်ပါ...။ ၀က်သားလုံး ပိုထည့်မယ်ဆိုရင်တော့ ၁၀၀၀ ကျပ် ကျသင့်ပါလိမ့်မယ်...။ ၂၀၀၈ ခုနှစ် မတ်လပိုင်းက ဈေးနှုံးပါ...။ ၀က်သားဈေး အတက်အကျပေါ်မူတည်လို့ ဈေးနှုံး အပြောင်းအလဲ ရှိနိုင်ပါတယ်...။ ကိုးနာရီနောက်ပိုင်း ရောက်သွားရင်တော့ ၀က်သားလုံး ကျန်ချင်မှာ ကျန်ပါလိမ့်မယ်...။ အာမ မခံနိုင်ပါကြောင်း....။ ကျွန်တော် ရောက်ဖြစ်တုံးကဆို မနက်တိုင်း ၇ နာရီဆို အဲဒီဆိုင် ရောက်နေပြီ...။ (မည်သည့် ကြော်ငြာခမှ မရပါ...။ အရသာကောင်းသဖြင့် ညွှန်းရခြင်း ဖြစ်ပါတယ်...။)

Re-arrangement of Shan 4 Words

တ'းရှဝ်းရှဂ့်ခိုဝ်း = ကျွန်ုပ်တို့ ရှမ်းလူမျိုးများသည် မိမိအမျိုးအနွယ်ကို ချစ်မြတ်နိုးကြသည်။
(We, Shan, love our National.)
ရှဝ်းရှဂ့်ခိုဝ်းတ'း = ကျွန်ုပ်တို့သည် ရှမ်းမျိုးနွယ်ကို ချစ်မြတ်နိုးကြသည်။
(We love Shan National.)
ရှဂ့်ခိုဝ်းတ'းရှဝ်း = ကျွန်ုပ်တို့ ရှမ်းမျိုးနွယ်ကို ချစ်မြတ်နိုးကြပါ။
(Love our Shan National.)
ခိုဝ်းတ'းရှဝ်းရှဂ့် = ကျွန်ုပ်တို့ ချစ်မြတ်နိုးသော ရှမ်းမျိုးနွယ်။
(Shan National which we love.)

ဘာသာပြန်ခြင်း အတတ်ပညာ မကျွမ်းကျင်မှုကြောင့် အမှားအယွင်းရှိခဲ့ပါလျင် ခွင့်လွှတ်ပါရန်...။

ယု,ပေလိုမ်းဂွ၊မ်းတ'း

ယု,ပေလိုမ်းဂွ၊မ်းတ'း
ဂွ၊မ်းတု, ပီ;ခွေင့်တ'း
Click here

Thursday, April 10, 2008

Movie Review : Street Kings


ှနာမည်ကြီး မက်ထရစ်၊ စပိဒ်မင်းသား ပါတဲ့ ရဲစုံထောက်ကား တစ်ကားပါ...။
ကီနူးရိဗ်က အရက်စွဲနေတဲ့ ရဲဝန်ထမ်းတစ်ယောက် တွမ် အဖြစ် သရုပ်ဆောင်ထားတယ်...။
သူ့အထက်အရာရှိက သူတာဝန်ထမ်းဆောင်ရင်းနဲ့ အမှားအယွင်းတစ်စုံတစ်၇ာ ပါလာရင် အမြဲတမ်း ကာပေးတယ်...။
လူဆိုးတွေကို နှိမ်နင်းပေးပါရဲ့...။ လက်လွန်သွားလို့ လူဆိုးတွေ အကုန်သေနေတာတွေ ခဏခဏ ဖြစ်နေတယ်...။ မီဒီယာတွေကလဲ ဒါကို ပြောပြောနေတာ ကြာနေပြီ...။
သူ့ကို စွဲချစရာ သက်သေတွေ မရှိလေတော့ ကြာလာတော့ အထက်က မနေနိုင်တော့ သူ့ကို နေရာပြောင်းပြီး စခန်းမှာ ပြန်ထိုင်ခိုင်းတယ်...။ တစ်ခါက လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦး ဖြစ်တဲ့ ၀ါရှင်တန်နဲ့ ကတောက်ကဆ ဖြစ်တယ်...။ စိတ်ထဲမှာ သူက တေးထားပြီး တစ်ရက်မှာ အခွင့်ကြုံရင် လက်စားချေမယ်လို့ ကြုံးဝါးထားတယ်...။
တစ်ရက်မှာ ၀ါရှင်တန်ကို နောက်ယောင်ခံရင်း စတိုးဆိုင်ထဲမှာ ရန်ဖြစ်နေတုန်း သေနတ်ကိုင် လူရမ်းကား နှစ်ယောက် ၀င်လာပြီး ၀ါရှင်တန်ကို ဖျောင်ပစ်လိုက်တယ်...။ တွမ် အရာရှိ ရောက်လာပြီး စတိုးဆိုင်ထဲက လုံခြုံရေးကင်မရာဗွီဒီယိုအခွေကို တွမ်ကိုပေးပြီး အေးဆေး ပြန်နေခိုင်းတယ်...။

စခန်းမှာ တွမ်တစ်ယောက် ၀ါရှင်တန်ရဲ့ သူငယ်ချင်းဖြစ်တဲ့ သေမှုသေခင်း စုံစမ်းရေး အရာရှိတစ်ယောက်နဲ့ မတည့်ရာက တစ်ယောက်ကို တစ်ယောက် နားလည်မှု ရသွားပြီး ၀ါရှင်တန် သေဆုံးမှုကို ပြန်လိုက်ကြတယ်...။ ကြည့်လို့ ကောင်းပါတယ်...။
ကီနူးရိဗ် တစ်ယောက် ဗိုက်ရွှဲလာတာရယ်...၊ အရင်လို သွက်လက်မှု မရှိတာရယ်ကလွဲလို့ ကားကောင်း တစ်ကားပါ...။
ကီနူးရိဗ်ကို အမြဲတမ်း သန့်ပြန့်တဲ့ ကာရိုက်တာအနေနဲ့ ပဲ မြင်ခဲ့တော့ ဒီကားမှာ သူ့ကို အရက်သမား၊ ဇိုးသမားအဖြစ် မမြင်နိုင်သေးတာက ကျွန်တော့်ရဲ့ ဘိုင်းရပ်စ် တစ်ခုလား မသိ...။
ကြည့်သင့်တဲ့ ကားတစ်ကား ဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်...။
ဘီပလပ်စ် အဆင့် ပေးလိုက်ပါတယ်...။

စကားမစပ် ... ဒီကားမှာ တွမ်ရဲ့ အထက်အရာရှိအဖြစ် သရုပ်ဆောင်တဲ့ လူမည်းမင်းသား Forest Witaker က The Vantage Point ရုပ်ရှင်မှာလဲ သရုပ်ဆောင်ထားပါတယ်...။ ၀ါရင့် သရုပ်ဆောင် ဖြစ်တဲ့ အတွက် တစ်ကားနဲ့တစ်ကား လုံးဝကို မတူရလေအောင် သရုပ်ဆောင်သွားပါတယ်...။ ဒီနှစ်ကားစလုံးကို ၂ ရက် အတွင်း ရှေ့ဆင့် နောက်ဆင့် ကြည့်ဖြစ်တော့ သူ့သရုပ်ဆောင်မှုကို မှတ်မှတ်ထင်ထင် ဖြစ်နေမိတာပါ...။

Wednesday, April 9, 2008

မိုးရာသီတမ်းချင်း (သို့) ပူဖေါင်းကလေးများ


တစ်ရံရောဆီ အခါက မိုးတို့သည် ကောင်းကင်ပေါ်မှ ခုန်ပေါက်ကျဆင်းဖူးသည်...။ (အခုတော့ မြေကြီးပေါ်ကနေ မိုးပေါ် ထိုးတက်နေလို့လား ဟု ရွဲ့မမေးကြရန်...)
မိုးကောင်းကင်ကို မော့ကြည့်ရင်း မျက်နှာပေါ်သို့ တစ်ပေါက်ချင်းစီ ကျခဲ့ဖူးသော မိုးစက်ငယ်ကလေးများကို ငတ်မွတ်ဖူး၏။ (မင်းကွာ အိမ်မှယလဲ ရေသန့်တွေ သောက်လို့ ရရဲ့သားနဲ့ ဟုမရွဲ့ပါနှင့်...။ ကိုယ့်ခံစားချက်နဲ့ ကိုယ်ပါ...။)

မိုးရေစက်များ စုပေါင်း၍ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းလာသော မြေပြင်ပေါ်မှ ရေစီးကြောင်းကလေးများ တစ်ဖြည်းဖြည်း အိုင်ထွန်းလာသည်ကို ငေးကြည့်ဖူး၏။ (အရသာရှိတယ်မောင်....။ )

စုစည်းမိသော ရေပမာဏများ တိုးတက်များပြားလာသောအခါ မူရင်းနေရာမှ ပိုမို၍ နိမ့်လျောသော နေရာသို့ ရွေ့မျောကြပြန်လေသည်...။ ထိုအခါ တစ်အီအီ လိမ့်ဆင်းနေသော ရေစီးကြောင်းတစ်ခု စတင် ဖြစ်ပေါ်လာလေသည်....။

ထိုရေစီးကြောင်းပေါ်သို့ ကောင်းကင်ထဲမှ မိုးစက်မိုးပေါက်များ ခုန်ဆင်းထိမှန်ရာမှ ရေပူစီဖေါင်းလေးများ ဖြစ်ပေါ်လာလေရာ ရေပလုံစီလေးများသည် ရေစီးကြောင်းအတိုင်း လိုက်လံမျောပါကြကုန်လေ၏။

မိတ်ဆွေ...။
အဆိုပါ ရေပလုံစီ ပူဖေါင်းလေးများ၏ သက်တမ်းကို တွက်ဆမိပါသလော....။
အဆိုပါ ရေပလုံစီ ပူဖေါင်းလေးများသည် ရေစီးကြောင်းတစ်လျှောက် အဘယ်မျှလောက် ခရီးနှင်နိုင်ပါမည်နည်း...။

အချို့သော ပူဖေါင်းကလေးများသည် စတင်ဖြစ်ပေါ်ချင်း ခဏ၌ပင် အပေါ်မှ ခုန်ဆင်းလာသော အခြားသော မိုးစက်မိုးပေါက်မှ လွင့်စင်ထိမှန်မှုကြောင့် ဇီဝိန်ချုပ်ရရှာ၏။ ပူဖေါင်းသက်တမ်းစေ့အောင်ပင် မနေရရှာပေ...။
အချို့သော ပူဖေါင်းများသည် ခရီးအကွာအဝေးတစ်ခုအထိ ရောက်ခါမှ မိုးစိက်ထိမှန်မှုကြောင့် ဖေါက်ကနဲ ကြွေလွင့်ရရှာ၏။

အချို့သော ပူဖေါင်းများသည် အရှေ့အနောက် တန်းစီ မျောပါသွားရင်း တစ်နေရာတွင် ရေစီးတန့်နေပါက အတူတူ ပူးပေါင်းမိကာ ပူဖေါင်း စုံတွဲလေးများ ဖြစ်သွားလေ့ရှိ၏။
အဆိုပါ ပူဖေါင်းစုံတွဲများအနက်မှ အချို့သော ပူဖေါင်း စုံတွဲများသည် ဆက်လက်၍ ခရီးနှင်ကုန်၏။

အချို့သော ပူဖေါင်းစုံတွဲများသည်ကား ပေါင်းမိမိခြင်း တစ်ခဏတွင်ပင် ပေါက်ကွဲလေ၏။ အချို့သော ပူဖေါင်း စုံတွဲများသည် ခရီးအကွာအဝေး တစ်ခု အထိ အတူတူ ခရီးနှင်ခဲ့ပြီးခါမှ ပေါက်ကွဲသွားတတ်၏...။
အချို့သော ပူဖေါင်းစုံတွဲများသည်ကား ပြန်လည် ကွဲကွာသွားကြကာ တစ်သီးတစ်ခြားစီ ခရီးနှင်ကြလေ၏...။

တစ်ချို့သော သက်ပြင်း ပူဖေါင်းများသည် မိုးစက်မိုးပေါက်များ ထိမှန်သည်ကို ဟန်မပျက် ဆက်လက်ချီတက်နေသကဲ့သို့ တစ်ချို့တစ်ကိုယ်တော် ပူဖေါင်းများသည် မိုးစက်ထိမှန်ပြီးခါမှ ပူဖေါင်းသေးသေးလေးများပင် စီးပွားလာချေသမုံ့...။ အာဂ ပူဖေါင်းပါတကား...။

အလို...။ တစ်ချိန်သော တစ်ခါတွင် ရေစီးကြောင်းသည် အမှိုက်၊ အတားအဆီး တစ်ခုခုနှင့် ကြုံတွေလေသော အခါ တန့်နေတတ်၏။
ထိုအချိန်အထိ မကြေပျက်သေးပဲ ခရီးနှင်လာသော တစ်ကိုယ်တော် သက်ပြင်း ပူဖေါင်းများ၊ ပူဖေါင်းစုံတွဲများ၊ မူလပူဖေါင်းနှင့် ယင်းမှ စီးပွားလာသော ပူဖေါင်းများ တို့သည် အတားအဆီးများနှင့် ငြိမိကာ ကျန်ခဲ့သည်က ကျန်၍ ဆက်လက်မျောပါသည်က ရှိသကဲ့သို့ အတူတစ်ကွ မျောပါမြဲ မျောပါနေသည့် ပူဖေါင်းများလဲ ရှိလေသည်...။
အတားအဆီး အနှောင့်အယှက် တစ်စုံတစ်ရာ မတွေ့မချင်း ဆက်လက် မျောပါကုန်လေ၏။
စီးဆင်းကုန်လေ၏။ သက်တမ်းမကုန်မချင်း ရေစီးကြောင်းအလိုက် စီးမျောကုန်လေ၏။
အဘယ်အချိန်အထိ သူတို့ ဆက်လက် ခရီးနှင်နိုင်ပါမည်နည်း....။
မသိနိုင်ကုန်...။

မိမိရော...။ ဘ၀ရေစီးကြောင်းအတွင်း အဘယ်အချိန်အတိုင်းအတာအထိ တစ်ကိုယ်တော် မျောလွင့်နိုင်ပါမလဲ...။

(ငယ်စဉ်ကလေးဘ၀ မိုးရွာစဉ် အိမ်ရှေ့၌ တွေ့မြင်နေခဲ့ရသော မိုးရာသီ မြင်ကွင်းတစ်ခုကို ပြန်လည် ခံစား တင်ပြပါသည်....။)

3333th Visitor



Juz a memoire of 3333th visitor here. Actually it was me, myself visiting my own blog. :D

Tuesday, April 8, 2008

ကျိုင်းတုံဒေသထွက် အစားအစာများ - ၁

ခရီးထွက်နေရလို့ ဘလော့ဂ်ကြွေးတွေ တင်တာများနေပြီ ထင်တာပဲ...။ ဘလော့ဂ်ကြွလာ မိတ်သဟာများ နေကောင်းကြပါရဲ့နော်...။ လာလာကြည့်ပြီး ပို့စ်အဟောင်းပဲ ဖတ်ဖတ် ပြန်သွားရတဲ့ မိတ်ဆွေများကို အားတုံ့အားနာ ဖြစ်မိပါရဲ့...။ အဲဒီအတွက် တင်နေတဲ့ အကြွေးများကို တစ်ဖြည်းဖြည်းချင်း ပြန်ဆပ်သွားပါမယ့်အကြောင်း ကြိုပြောလိုက်ပါမယ်...။ (အချိန် လစ်မစ် ထည့်မရေးထားတာ တွေ့တယ်နော်...။ ဟဲဟဲ...။)

ပုံလေးတွေ အဆင်သင့် ရှိနေတော့ စားသောက်ဖွယ်ရာနဲ့ ဆိုင်ရာများကို တင်လိုက်ပါတယ်...။ ကျိုင်းတုံဒေသထွက် ရိုးရာ စားသောက်ဖွယ်ရာနဲ့ အထင်ကရ အစားအသောက်များ ဖြစ်ပါတယ်...။ အောက်ကပုံတွေမှာ ၀င်ရောက် စားသုံးနိုင်ပါတယ်...။

၁။ မဲ့ (ဒေသအခေါ်အဝေါ်)



ဝါးထဲမှာ နေတတ်တဲ့ အကောင်တွေလို့ သိရပါတယ်...။ ခူလိုလို ဘောက်ဖတ်လိုလို အကောင်တွေပေါ့...။ ဆောင်းအကုန် နွေအကူးကာလတွေမှာ ဒီအကောင်တွေ ပေါ်တတ်ပါတယ်...။ သူတို့ကို ဆီပူလေးနဲ့ ကြွတ်နေအောင် ကြော်ပြီး ရေနွေးကြမ်းလေးနဲ့ တွဲဖက် သုံးဆောင်ရပါမယ်...။ ယမကာလုလင်များတော့ သူရာရည်လေး တစ်မြမြနဲ့ပေါ့...။

အရသာက ဆိမ့်တိမ့်တိမ့်လေးနဲ့...။ သွေးတိုးတတ်သူများ များများ စားလို့ မသင့်ပါ...။ တစ်ချို့ဆို တစ်ကောင်လေးပဲ မြည်းတာကို သွေးတက်တယ်.. နောက်ကြောတက်တယ်ဆိုပြီး ညည်းကြတယ်...။ တစ်ချိုကျတော့ တစ်ပန်းကန်လုံးကုန်အောင် စားလဲ ဘာမှ မဖြစ်တာ တွေ့ရပါတယ်...။ (ကျွန်တော့်လိုပေါ့...)
အခုနေခါမှာ ၅၀၀ ဂရမ် အလေးချိန်ရှိတဲ့ မဲ့ကို မြန်မာကျပ်ငွေ ၄၀၀၀ လောက် ရှိပြီလို သိရပါတယ်...။ အဲဒီပန်းကန်ထဲက မဲ့ လေးတွေကတော့ ၂၀၀၀ လောက်တော့ ရှိမယ်ထင်တာပဲ...။ စားကောင်းတယ်ဗျို့...။

၂။ ကျိုင်းတုံ ၀က်အူချောင်း (အစစ်အမှန်)



အရင်တစ်ခါက ဂိုးဒဲန်းမိုင်း ယိုးဒယားဈေးက ဇင်းမယ် ၀က်အူချောင်းလို နနွင်းမှုန့်နံ့ နံတဲ့ ၀က်အူချောင်း မဟုတ်ပါ...။ ကျိုင်းတုံမြို့ထွက် မြို့မဈေးထဲက မနက်ခင်းမှာသာ ရောင်းတတ်တဲ့ ၀က်အူချောင်း ဖြစ်ပါတယ်...။ မန်းလေး၊ ရန်ကုန်ကလူတွေ သိတဲ့ တရုတ် ၀က်အူချောင်းတွေလို သကြားချို ချိုတာ မဟုတ်တဲ့ အရသာနဲ့ပါ...။

ဝက်သားထဲက သုံးထပ်သားလိုမျိုးကို တောက်တောက်စင်းပြီး ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့် စတာတွေနဲ့ သေချာစွာ နယ်ထားပြီး ၀က်အူထဲကို ညဦးပိုင်းကတည်းက သွတ်ပြီး ဈေးသွားခါနီး မနက် ၃-၄ နာရီလောက်မှာ အိမ်ကနေ ဆီနိုင်နိုင်နဲ့ ကြော်လာရောင်းတဲ့ လတ်ဆတ်တဲ့ ဒေသထွက် စားစရာ ဖြစ်ပါတယ်...။

ပုံထဲက အနေတော် အရွယ်အစားလောက်က တစ်ချောင်းကို ၅၀၀-၇၀၀ လောက် အစားစား ရှိပါတယ်...။ နာမည်ကြီး၊ အရသာကောင်းမွန်မှု စတာတွေ အပေါ် မူတည်ပြီးတော့ပေါ့...။ ရန်ကုန်မှာ မိုဟွမ် ၀က်ခေါက်ကြော်ထုပ် ထုတ်လုပ်ရောင်းချနေတဲ့ မိသားစုတွေရဲ့ အမေ “နိုင်းရယ်” လုပ်တဲ့ ၀က်အူချောင်းဆို နာမည်ကြီးပါတယ်...။ “နိုင်ရယ် ဆိုက်လောက်ဖစ်” ဆိုပြီး နာမည်ကြီးပါတယ်...။ (ပြောရင်းနဲ့ စားချင်လာပြီး ရှလွတ်...။)

၃။ ခါချဉ်ဥ (ခ',မူတ်းသူမ် / ခ',င်္မင်းမူခေ်း)

တောင်လေပူပူတွေ တိုက်တတ်တဲ့ နွေရာသီမှာ ပေါ်တတ်တဲ့ ရာသီပေါ် စားသောက်ဖွယ်ရာ ဖြစ်ပါတယ်...။ ခါချဉ်ကောင်လေးများရဲ့ ဥတွေ ဖြစ်ပါတယ်...။ ခါချဉ်အုံတွေကို တုတ်နဲ့လိုက်ထိုးပြီး ခါချဉ်တွေ ကုန်မှ သူတို့ အသိုက်ကို ဖြုတ်ပြီး ဖက်နဲ့ထုပ် လာရောင်းတတ်ပါတယ်...။

သင်္ကြန်နားနီးလာပြီဆို ကျိုင်းတုံမှာ အရင်က ထုံးစံအတိုင်း ဈေးဟောင်းနေ့ (ကတ်ကောင် = ဂ၊တ်,ဂ၊၀်,)ဆိုပြီး အရင်က ဈေးဟောင်းနေရာမှာ ဈေးဆိုင်တွေ တည်ပြီး ရောင်းချကြပါတယ်...။ သင်္ကြန်မတိုင်ခင် ရက်တွေရဲ့ ကတ်လိနေ့မှာ လာရောင်းကြပါတယ်...။ အဲဒီနေ့မှာ ခါချဉ်ဥတွေ ကွာလတီကောင်းတာလေးတွေ ရတတ်ပါတယ်...။ (ဈေးနေ့တွေအကြောင်း သီးခြား ရေးပြပါ့မယ်...။) ခံတက်ချဉ်နဲ့ မွေပြီး စားရပါတယ်...။ အဲဒီနေ့မှာ စားရင် ဆေးဘက်ဝင်တယ်ဆိုလား မသိ ပြောသံ ကြားဖူးပါတယ်...။ (တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုပ် စားကြသလိုပေါ့...။)

ဈေးနှုန်းကတော့ တစ်ထုပ်ကို ဟင်းတစ်ခွက်စာလောက် ရှိတဲ့ အထုပ်ကို ၂၀၀၀ လောက် ပေးရပါတယ်...။ ဥတွေ များသလား မမေးနဲ့...။ ပဲကြီးလှော် ပုံစံ ဖြူဖြူဥတွေအပြင် ခါချဉ်ကောင်လောင်း ဖြူဖြူလေးများပါ အဆစ်ပါလိုက်သေး...။ ဥတွေ ကိုက်လိုက်ရင် တစ်ထောက်ထောက်နဲ့ ဆိမ့်နေတာပဲ...။ ဆိမ့်နေတာလေးကို ခံတက်ချဉ်က ၀င်ဝင်ဖြည်ပေးတော့ သွေးမတက်ဖူးပေါ့...။

ကျိုင်းတုံဈေးနေ့များအကြောင်း။
ကျိုင်းတုံမှာ ဟိုးအရင် စော်ဘွားခေတ်ကဆို ငါးရက်တစ်ဈေး ဆိုပြီး ဈေးနေ့လေးတွေ ရှိပါတယ်...။ ကတ်လိ ၊ ကတ်ထိုက်၊ ကတ်ကောင်၊ ကတ်လုံ၊ ကတ်အွန် (ဂ၊တ်,လီး၊ ဂ၊တ်,ထ'၊;၊ ဂ၊တ်,ဂ၀်,၊ ဂ၊တ်,လူင်၊ ဂ၊တ်,ကွခေ်,)စသဖြင့်ပေါ့...။ ကတ်လိ ဆို ဘယ်ရွာမှာပဲ ဈေးဖွင့်တယ်... ကတ်ထိုက် ဆို ဘယ်ရွာမှာပေါ့လေ...။

အဲ ... ငါးရက်မြောက်ဈေးနေ့ကတော့ ဈေးကြီးနေ့ (ကတ်လုံ) လို့ သတ်မှတ်ပြီး ကျိုင်းတုံမြို့ပေါ်က ဈေးမှာ ရွာနီးချုပ်စပ်က ဈေးသည်တွေ အားလုံး လာရောက် ရောင်းချကြပါတယ်...။ အဲဒီနေ့မှာ ၀ယ်ခြမ်းချင်တာတွေ စုံစုံလင်လင် ရရှိနိုင်ပါတယ်...။ အခု ဟိုခုံလို့ ခေါ်တဲ့ နေရာ (ကျိုင်းတုံဟော်နန်း ဘေးနားက ကလေးကစားကွင်း လုပ်ထားတဲ့ နေရာ) မှာ ဈေးကြီးနေ့ကို ရောင်းဝယ်ဖေါက်ကားကြပါတယ်...။

ခုထိလဲ ရွာနီးချုပ်စပ်က အဲလိုပဲ ရောင်းဝယ်နေကြတုန်းပါပဲ...။ အရင် ဈေးကြီးနေ့တွေတုန်းက တည်ခင်းရောင်းချနေတဲ့ နေရာလေးကတော့ ခုခေတ်မှာ စည်ပင်က နေရာရွှေ့လိုက်တော့ အခုလက်ရှိ မြို့မဈေးနေရာ ဖြစ်သွားတာပေါ့...။

ကျိုင်းတုံဟော်နန်းဆိုတာ မသိသူများ အခု အဲဒီဟော်နန်းနေရာမှာ ဟော်နန်းကို ဖျက်ပြီး ဆောက်ထားတဲ့ ကျိုင်းတုံဟိုတယ်ကိုတော့ သိကြမှာပါ...။ (စကားမစပ်။ ။ အဲဒီ ကျိုင်းတုံ ဟော်နန်းက ရှမ်းပြည်တစ်ကြောမှာ အလှဆုံး၊ ခမ်းနားကြီးကျယ်မှု အရှိဆုံးနဲ့ အကြီးဆုံးလို့ သိရပါတယ်...။ ဓါတ်ပုံကတော့ မလွယ်သေးလို့... အဆင်သင့်ဖြစ်မှ တင်လိုက်ပါမယ်...။)

ဆက်ရန်