Saturday, September 27, 2008

ပေါက်ကရ အိတ်တီ့ အပိုင်း (၆)

အခုတလော အာရုံကို ကို ကောင်းကောင်းမရပါဘူး...။ ဘလော့ဂ်ရေးဖို့ကို တော်တော်အားစိုက်ရတယ်...။
မရေးပြန်တော့လဲ ကိုယ့်မှာ တစ်ခုခု ဖြစ်နေသလိုလို... ဟိုလိုလို ဒီလိုလို မချိုသင်းရေးသလို ဖြစ်နေတာပါ့...။

အာရုံမရတော့ ဆည်းဆာရလားဆိုတော့လဲ ဆည်းဆာဆိုတဲ့ကောင်မလေး ရွာပြန်သွားတာ ခုထိ အဆက်အသွယ်ကို လုပ်မလာဘူး...။
အင်တာနက် ဘက်ဘုန်းကျိုးနေလို့လား...။

ရေအောက်ကေဘယ်လ်ကြိုးကို သဘောင်္ကျောက်ဆူးနဲ့ ငြိမိပြန်ပြီလား...။
ဆာဗာဒေါင်းနေလို့လား...။
အိတ်ချိန်းရုံးကို ဟ့သာဝတီဘက် ပြောင်းနေလို့များလား...။
...လား။
...လား...။
အိတ်စက်ထရာ... အိတ်စက်ထရာ စတဲ့ လားပေါင်းများစွာ မြည်းပေါင်းများစွာနဲ့ ဒီမောင်မှာ စိုးရိမ် ပူပန် နေရပါတယ်...။


စိတ်ပူတော့ ဂဏှာမငြိမ်... ဂဏှာမငြိမ်တော့ သွေးလေခြောက်ချား...
သွေးလေခြောက်ချားတော့... အပူမီးတောက်... အပူမီးတောက်တော့ ၀မ်းမီလောင်...
ဝမ်းမီးလောင်တော့ ဗိုက်ကဆာ....။
အဲဒါနဲ့ ....။
အော် ဒီနေ့လား...။

ဒီနေ့ နေရာတကာ လျှောက်လည်နေတယ်...။
လျှောက်လည်ရင်းနဲ့ ခုနင်က ပြောသလို ၀မ်းမီးများ တောက်လို့ ပင်နီစူလားဘက်ရောက်တော့ မြေအောက်ထပ်က အင်းလေးမှာ ထမင်း သွားစားလာတယ်...။
ငါးရှဉ့်ခြောက်စပ်ကယ်... ပုဇွန် အစိမ်းသုပ်ကယ်...။
ဒီမှာ အားလုံး စားနိုင်အောင် ပါဆယ် ထုပ်လာတာ...။
ပြောရဦးမယ်...။ အင်းလေးမှာ ခု စားစရာတွေ မှာရင် အရင်လို မကြာတော့ဘူး...။
ခုမှာတာ ၁၀ မိနစ် စွန်းစွန်းပဲ ကြာတယ်...။

ဆားဗစ်ကောင်းလာပြီပေါ့...။
ဒါပေမဲ့ ဒီတစ်ခေါက် ငါးရှဥ့်က အကောင်သေးတယ် ထင်ပါ့...။ အရိုးများတယ်...။


ဟိုတစ်ပတ်ကဆို အကောင်ကြိးတော့ အသားများပြီး အရိုးထွင်ထားတော့ အရိုးနည်းတယ်...။
သို့သော်လဲ ဆာဆာနဲ့ စားလိုက်တော့ မြိန်နေတာပဲ...။
ဒါပေါ့... မြိန်ရာဆွေမျိုး၊ ခင်ရာ ဟင်းကောင်းဆိုတာ...။
စားပြီးတော့ ဗိုက်တင်းတင်းနဲ့ မြောက်ဘက်တံတားပေါ် လျှောက်လာတုန်း
ဗြုန်းဆို တစ်ဝှီးဝှီး တစ်ဗြဲဗြဲနဲ့ မိုးချိန်းသံလိုလို ၊ တိုက်လေယာဉ်သံလိုလို ကြားလိုက်ရတော့ လေယာဉ်ဗုံးကြဲတယ် ထင်နေတာ...။
ကမန်းကတန်း ဗုံးခိုကျင်းများ ရှာမိတာပေါ့...။

ဘေးဘီကလူတွေက ဘာမှ မဖြစ်သလိုနေတာ တွေ့တော့ စပ်စုကြည့်မှ ဒီနေ့ ညဘက် ကားမောင်းတဲ့ အက်ဖ်ဝမ်းဖေါ်မြူလာ ကားမောင်းပြိုင်ပွဲ စနေတာတဲ့...။ ထိုင်ကြည့် လက်မှတ်တွေက ကုန်ပြီ...။ ရပ်ကြည့်လက်မှတ်တွေကတော့ ၁၂၈ ကျပ်တဲ့...။ အကြိတ်အနယ် ၀ယ်နေကြတယ်...။
စလုံးက လူတွေများ တစ်ခုခုဆို မြည်းလိုက်ရမှ စမ်းလိုက်ရမှ... kiasu ဆိုလား... အဲဒီ ဆိုက်ကို ၀င်နေကြတာ များတယ်...။

ခုလဲ အဲဒီ ဘာမဟုတ်တဲ့ ကားမောင်းပြိုင်ပွဲ ကြည့်ရဖို့ အရေးကို တန်းစီနေလိုက်တာ...။
ပြိးခဲ့တဲ့ အပတ်က အဲဒီကားမောင်းပြိုင်ပွဲက ကားသမားတွေနဲ့ ညနေစာစားဖို့ အရေး တစ်ယောက်ကို ၅၀၀၀ ကျပ် (ငါးထောင်ကျပ်တိတိ) တဲ့... လက်မှတ်ဖိုးက။ အဲဒါကိုလဲ ဈေးကြိးပေး သွားစားတဲ့သူရှိတယ်...။
အဲလို ကမ္ဘာကျော် ကားမောင်းသမားတွေနဲ့ တွေ့ဆုံခွင့်ရဖို့အရေးက နည်းလားပေါ့လေ...။
နေပါ...။ မောင်ဘွိုင်းတို့ နာမည်ကျော်လာရင် ဒီဘလော့ဂ်လာဖတ်တဲ့ မိတ်ဆွေတွေကို ဦးစားပေးမယ် သိလား...။
လောလောဆယ်တော့ အပေါ်က ငါးရှဥ့်ပဲ သုံးဆောင်သွားလိုက်ကြဦး...။

ကားမောင်းပြိုင်ပွဲကို စိတ်တော့ မ၀င်စားပါဘူး...။
ဒါပေမဲ့ ၀ူးဝဲ ဗြူးဗြဲ ဆိုတော့ အသံကြားတာနဲ့ မရိုးမရွ ဖြစ်လာတော့ သွားကြည့်တာ...။
လား... လား...။
မျက်စိရှေ့မှာ ဖြတ်သွားလိုက်တာ ကားတစ်စီး တစ်စီး.. အရှိန်မနည်းဘူးရယ်....။
တစ်စက္ကန့်ကို ကီလို တစ်ရာကနေ နှစ်ရာ့ငါးဆယ်ကတော့ အသာလေးပဲ...။
ဘီးတွေ တော်တော်ပွန်းကုန်မှာ....။
အဲဒါကြောင့် မောင်းပြီးရင် နာရီဝက်တစ်ခါလောက် ဘီးတွေ ချွတ်လဲတာ နေမှာ...။
တစ်ခုခု လမ်းချော်သွားရင် အရှိန်က နည်းတာ မဟုတ်...။ ကြောက်တာ...။
အောက်ကပုံမှာ မရမက ရိုက်ထားတယ်...။ ၀ါးတော့ အ၀ါးသား...။

လက်ကိုင်ဖုန်းနဲ့ ဗွီဒီယို ရိုက်ထားတာ ရှိတယ်...။ blogspot က လက်ခံတဲ့ ဖေါမက်ဆိုရင်တော့ တင်ပေးလိုက်မယ်...။



စကားမစပ် မလေးလမ်းမှာ ဂျလန်း ဂျလန်း သွားလုပ်တော့ ဖေါ်မြူလာဝမ်းကားဖြူဖြူကို ပရိုမိုးရှင်း ပြထားတာ ရိုက်ခဲ့တယ်....။ ကြိုက်တယ်...။


တစ်ကယ်က အဲဒီပုံထဲက ကောင်မလေးကိုပါ...။ ဟီဟိ...။ မျက်လုံးလေးက ဆွဲဆောင်မှုရှိတယ်...။ တစ်ချို့က အဲဒါ ကြာမျက်လုံးတဲ့...။ ကြာကြာစိုက်ကြည့်လို့လား... ကြာပင်နဲ့ တူလို့လား မသိ.... ဟိ...။ ကြည့်လို့တော့ ကောင်းတာ အမှန်ပဲ...။


Credit to : Sarpatee

ဒီပုံကတော့ ကဲန်နွန် ကင်မရာ အကောင်းစားကြီးကို လဲန့်အရှည်ကြီးနဲ့ တွဲရိုက်လိုက်တဲ့ ကျွန်တော့်သူငယ်ချင်းဆီက ခိုးလာတာ...။ နှစ်ယောက်စလုံး ချောတယ်နော်...။
တော်သေးပြီ...။ ဟိ
အောက်က ပုံတွေက ကဲန်နွန်နဲ့ သူ့တွဲဖက်ကြီး လဲန့် အရှည်ကြီး....။

5 comments:

  1. ၁။ ဖတ်လို.ကောင်းတာတော့ အမှန်ဘဲ။

    ၂။ Kiasu အဖွဲ့ဝင် ဆိုတော. မကြည်.လိုက် ရ မှာ စိုးလို. အတင်း ဘဲ ဗွီဒီယို ကိုလု ပြီး ကြည်.လိုက်တယ။်

    ၄။ Boyz ရင် တွေ ခုန် နေသည်. ကြာ အကြည့် တချက် ကြောင့်..

    ReplyDelete
  2. ကားတွေ ဘီးဖြုတ်လဲတာ အပူချိန်ကျသွားလို့လဲပါတယ်ဗျ..
    ဖော်မြူလာဝမ်းကားတွေရဲ့ ဘီးတွေက အပူပေးထားရတာ.. မောင်းနေရင်း အဲအပူချိန်ကကျသွားရော.. အဲတော့အပူပေးထားပြီးသားတာယာတွေနဲ့ လဲပေးရတယ်.. တာယာတွေပွန်းကုန်တာကြောင့်လဲပါတာပေါ့လေ..
    အဓိကလဲတာကတော့ တာယာတွေအေးသွားလို့လဲတာ

    ဘာမဟုတ်တဲ့ အက်ဖ်ဝမ်းလို့တော့မပြောပါနဲ့ဗျာ ဟီးဟီး.. ကျွန်တော်ဆို တအားကြိုက်တာ.. ခုတောင် ကျွန်တော် စလုံးရောက်နေသဗျ ဟိဟိ

    ReplyDelete
  3. ဘယ်မှာ ၀င်ကြည့်နေတာတုန်း ကိုဆီမီဂေါ...။ ကျွန်တော်လဲ ခုပဲ ပြန်လာတာ...။ ရုပ်ရှင်ရုံက...။ ဟီး...။ ။ ကားဘီး ဗဟုသုတ အတွက် ကျေးဇူးပါဗျာ...။ အဟာရှာနေတဲ့ ကြက်ထီး တစ်ကောင်အတွက် စိန်လက်စွပ်တစ်ကွင်းဟာ ဆန်ကွဲတစ်စေ့လောက်တောင် မတန်ဘူးတဲ့...။ ဟိ...။

    ReplyDelete
  4. သြော်..သူတစ်ယောက်ဒါတွေလုပ်နေလို့ ပျောက်နေတာကိုး။

    ReplyDelete
  5. ဒေါ်သု ပျောက်ချက်သား ကောင်းနေတယ်...။ အိမ်သစ်နဲ့ အသားကျနေပြီလားဗျာ...။

    ReplyDelete